အေသင် ဒီဇင်ဘာ ၂၇
ဂရိနိုင်ငံအလယ်ပိုင်း ဒယ်လ်ဖီမြို့အနီး ဗာဒူစီယာ တောင်၌ ဒီဇင်ဘာ ၂၆ ရက်က တောင်တက်သမား လေးဦးကို သေဆုံးလျက်တွေ့ရှိကြောင်း ဂရိအမျိုးသား အသံလွှင့် အီးအာတီက ဖော်ပြထားသည်။
ခရစ္စမတ်နေ့တွင်ပျောက်ဆုံး
အမျိုးသား သုံးဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်သည့် အဆိုပါအဖွဲ့ကို ဆွေမျိုးများနှင့် သူငယ်ချင်းများက နာရီပေါင်းများစွာကြာ မိုဘိုင်းဖုန်း အဆက်အသွယ်ပြတ်တောက်ပြီးနောက် ခရစ္စမတ်နေ့တွင် ပျောက်ဆုံးသည်ဟု သတင်းပို့ထားကြောင်း သိရသည်။
ဆိုးရွားသည့် ရာသီဥတုအခြေအနေများ ဖြစ်ပေါ်နေချိန် အကြီးစားကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဂရိနိုင်ငံ၌ အထူးကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များနှင့် မီးသတ် သမား ၃၀ ကျော်က လေ့ကျင့်ထားသည့် ခွေးများနှင့် ဒရုန်းများ၏ အကူအညီဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အတွေ့အကြုံရှိ တောင်တက်သမားတစ်ဦးဖြစ်
တစ်ဦးမှာ အတွေ့အကြုံရှိ ဒေသတွင်းတောင်တက်သမားတစ်ဦးဖြစ်ပြီး အားလပ်ရက်များတွင် ၎င်းနှင့်ဆက်သွယ်ရန် အေသင်မှ သူငယ်ချင်းများကို ဖိတ်ခေါ်ခဲ့ကြောင်း သေဆုံးသူတစ်ဦး၏ သူငယ်ချင်းများက ပြောကြားသည်။
ဆင်ဟွာ


