၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက် ၊ နံနက် ၁၀ နာရီခွဲ ထုတ်ပြန်ချက်
ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနေသည်။
ရန်ကုန်မှ တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက် (၂၄ နာရီအတွင်း မိုးလေ၀သခန့်မှန်းချက် အနေဖြင့် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်သည်။ အမြင်တာ (၄) မိုင် နှင့် မိုးရွာစဉ် မိုင်ဝက်ခန့်ရှိနိုင်သည်။ ရေပြင်လေသည် အနောက် (သို့) အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင် (၁၀-၁၅) မိုင်၊ တစ်ခါတစ်ရံ (၂၅) မိုင်မှ မိုင် (၃၀) ရှိနိုင်ပြီး လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ (၅) ပေမှ (၈) ပေခန့်ရှိနိုင်သည်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက် (၂၄) နာရီအတွင်း မိုးလေ၀သခန့်မှန်းချက် အနေဖြင့် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ အမြင်တာ (၄)မိုင်။ ရေပြင်လေသည် မြောက် (သို့) အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင် (၁၀-၁၅) မိုင်၊ တစ်ခါတစ်ရံ မိုင် (၃၀) ရှိနိုင်ပြီး လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ (၅)ပေမှ (၈)ပေခန့်ရှိနိုင်သည်။
Credit> မိုးဇလ


