နေပြည်တော်၊ ဧပြီ ၁၂
၂၀၂၂ ခုနှစ်၊ ဧပြီ (၁၂) ရက်၊ မြန်မာစံတော်ချိန် ၁၆ နာရီ ၃၉ မိနစ်တွင် ဂွမြေငလျင်စခန်းမှ မြောက်ဘက် (၁၀၃) မိုင်ခန့် ကွာဝေးသော တောင်ကုတ်မြို့၏ အရှေ့မြောက်ဘက် (၂၃)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၁၉ ဒသမ ၁၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄ ဒသမ ၄၈) ဒီဂရီ၊ အနက်(၁၅) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃ ဒသမ ၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။
Credit> မိုးဇလ


