ဘားအံ  ၉   ဖေဖော်ဝါရီ 

 

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ထုတ်ကုန်ဒီဇိုင်းနှင့် တီထွင်ဖန်တီးမှုများကို အားပေးမြှင့်တင်ရန်နှင့် ပို့ကုန်လုပ်ငန်းများကို အားပေးမြှင့်တင်ရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် အာဆီယံ-ဂျပန်စင်တာ(AJC)တို့ ပူးပေါင်း၍ CMLV Support Program-Export Capacity Building in Myanmar 2019 ဈေးကွက်ဝင်ရောက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက် ၉ နာရီက ကန်သာဦးခန်းမ၌ ကျင်းပသည်။

 

111

 

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီးဦးစိုးလှိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေး မှူးချုပ်ဒေါ်နော်တာကပေါက အမှာစကားပြောကြားကာ ASEAN Japan Centre (ASC) မှ Director Mr. Douangmala Vathouniyom က နှုတ်ခွန်းဆက်စကားပြောကြားသည်။

 

ထို့နောက် အာဆီယံ-ဂျပန်စင်တာမှ Ms. Noriko Okura ̕ s က How to innovate design and quality of products for exporting to japan နှင့်ပတ်သက်သည့် အချက်အလက်များကိုလည်ကောင်း၊ Mr. Zarny ̕ s က Presentation ကိုလည်ကောင်း ရှင်းလင်းပို့ချပြီး တက်ရောက်လာသူများက မရှင်းလင်းသည်များနှင့် သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)

 

222