ကျွန်းစု ၁၆ ဖေဖော်ဝါရီ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီး၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ Physical fitness Dance သင်တန်းကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ ညနေ ၄ နာရီက ကျွန်းစုမြို့ မိုးလုံလေလုံအားကစားခန်းမ၌ ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိသည်။
သင်တန်းတွင် သင်တန်းနည်းပြအဖြစ် ကျွန်းစုမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း ကာယဆရာမ ဒေါ်ကြူကြူဝင်းမှ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ အားကစားဝါသနာရှင်ပြည်သူလူထုများ၊ စုစုပေါင်းလူဦးရေ(၁၀ဝ)ခန့်က အားကစား ကိုယ်ကာယလေ့ကျင့်ခန်းများ သင်ယူလျက်ရှိကြောင်း၊ အဆိုပါသင်တန်းကို ဖေဖော်ဝါရီလ(၁၅)ရက်နေ့မှ (၂၈)ရက်နေ့အထိ နေ့စဉ်ရုံးဖွင့်ရက်များတွင် မွန်းလွဲ(၄)နာရီမှ (၅)နာရီအချိန်၌ သင်ကြားပို့သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)


