ကျွန်းစု  ၁၆  ဖေဖော်ဝါရီ 

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ  ဦးစီး၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ Physical fitness Dance သင်တန်းကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ ညနေ ၄ နာရီက ကျွန်းစုမြို့ မိုးလုံလေလုံအားကစားခန်းမ၌ ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိသည်။

 

age IM

 

သင်တန်းတွင် သင်တန်းနည်းပြအဖြစ် ကျွန်းစုမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း ကာယဆရာမ ဒေါ်ကြူကြူဝင်းမှ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ အားကစားဝါသနာရှင်ပြည်သူလူထုများ၊ စုစုပေါင်းလူဦးရေ(၁၀ဝ)ခန့်က အားကစား ကိုယ်ကာယလေ့ကျင့်ခန်းများ သင်ယူလျက်ရှိကြောင်း၊ အဆိုပါသင်တန်းကို ဖေဖော်ဝါရီလ(၁၅)ရက်နေ့မှ (၂၈)ရက်နေ့အထိ နေ့စဉ်ရုံးဖွင့်ရက်များတွင် မွန်းလွဲ(၄)နာရီမှ (၅)နာရီအချိန်၌ သင်ကြားပို့သွားမည်ဖြစ်ကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)

 

IMG_2019


 

IMG_20190215_