ဖြူး ဇူလိုင် ၁၈

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ သစ်ချောက်ခင်​ကျေးရွာအုပ်စု၊ ကမ်းနားမြှောင်ကျေးရွာတွင် NEP Phase-II အစီအစဉ်ဖြင့် လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၁၇ ရက် ညနေပိုင်းမှစတင်ကာ လျှပ်စစ်မီးရရှိပြီ ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကမ်းနားမြှောင်ကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် သစ်ချောက်ခင်ကျေးရွာမှ TapOff ယူ၍ 11KVလိုင်း (၁.၅၁)မိုင်၊ 50KVAထရန်စဖော်မာနှင့် ကျေးရွာမှ ကိုယ့်အားကိုယ်ကိုးအစီအစဥ်ဖြင့် တည်ဆောက်သော ဗို့ ၄၀၀ ဓာတ်အား ရွာတွင်းလိုင်း ပေ ၁၃၀၀ ဖြင့် တည်ဆောက်ပြီးစီးခဲ့ကြောင်း ဖြူးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။ ယခုအခါတွင် အိမ်ခြေ ၃၁ လုံးအနက် အိမ်ခြေ ၂၄ အိမ်သည် အိမ်သုံးမီတာများဖြင့် လျှပ်စစ်မီးရရှိ သုံးစွဲနေနိုင်ပြီဖြစ်ကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)