နေပြည်တော် ဇူလိုင် ၂၁
ပညာရေးစာရင်းအင်းဆိုင်ရာ အမျိုးသားအဆင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ပညာရေးစာရင်းအင်းဆိုင်ရာ အမျိုးသားအဆင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုးဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ပညာရေးစာရင်းအင်းဆိုင်ရာ အမျိုးသား အဆင့်ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်က ကော်မတီ၏ ဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူ များက ပညာရေးစာရင်းအင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


