နေပြည်တော် ဩဂုတ် ၁

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများသည် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
    
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ သဒ္ဓမ္မဝေပုလ္လကျောင်းတိုက်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ အဘယာရာမ ပရိယတ္တိစာသင်တိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ဓမ္မစေတီ(မွန်)ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်ရှိ ရတနာဉာဏ်ရောင်ကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ ရွှေဘုန်းရိပ်ကျောင်းတိုက်၊ ရန်ကင်းမြို့နယ်ရှိ ကျောက်ကုန်းကျောင်းကြီးကျောင်းတိုက်နှင့် ရွှေပြည်သာမြို့နယ်ရှိ ပညာပါရမီ ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကို လည်းကောင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ သာသနာ့ဝန်ဆောင်မြို့ဦးကျောင်းတိုက်၊ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့နယ်ရှိ  သာသနာ့မဏ္ဍိုင်ကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ မြစေတီပရိယတ္တိစာသင်တိုက်၊ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ ဆင်ဖြူမယ်ကျောင်း တိုက်၊ အောင်မြေသာစံမြို့နယ်ရှိ အရှေ့ခင်မကန်ကျောင်းတိုက်နှင့် ရှမ်းပြည်နယ်၊ တောင်ကြီး မြို့နယ်ရှိ ဝေဠုဝန်ပရိယတ္တိစာသင်တိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်