မုဒုံ သြဂုတ် ၂
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ယနေ့နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် တောင်ပကျေးရွာရှိ အ.မ.က(မူလွန်) စာသင်ကျောင်းနှင့် ကလော့သော့ကျေးရွာရှိ လူနေအိမ် (၁၃)လုံး ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။
ဖြစ်ပွားရာနေရာသို့ မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုခဲ့ပြီး နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ပူးပေါင်းကူညီရှင်းလင်း ဆောင်ရွက်ပေးလျက်ရှိသည်။
မိုးသက်လေပြင်းကျရောက်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် တောင်ပကျေးရွာရှိ အ.မ.က(မူလွန်)ကျောင်း၏ သွပ်အမိုး ၁၇ ချပ်၊ မျက်နှာကြက်များ၊ သံတန်းများ လန်ထွက်ပျက်စီးခြင်း၊ ကလော့သော့ကျေးရွာရှိ လူနေအိမ် (၁၃)လုံးမှ သွပ်အမိုးများလန်ခြင်း၊ သစ်ကိုင်းများကျိုးကျခြင်းများ ဖြစ်ပွားခဲ့ကြောင်းနှင့် လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)


