ဘီးလင်း သြဂုတ် ၆

 

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် သြဂုတ် ၅ ရက် ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘိုးရာဇာရပ်ကွက်၊ အနောက်မင်္ဂလာလမ်း၊ မင်္ဂလာဈေးရှေ့ရှိ လုံးပတ် ၂၀ ပေ၊ အရှည် ၈၀ ပေခန့်ရှိ ကုက္ကိုပင်မှာ မြေသားပွကာ အမြစ်မှလန်၍ မင်္ဂလာဈေး ဆိုင်ခန်းများပေါ်သို့ ပြိုလဲမှု ဖြစ်ပွားခဲ့သည်။ ကုက္ကိုပင်ပြိုလဲမှုကြောင့် မင်္ဂလာဈေးအတွင်းရှိ ဆိုင်ခန်း ၃၂ ခန်း ပျက်စီးခဲ့​ပြီး လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။

 

အဆိုပါပြိုလဲခဲ့သည့် ကုက္ကိုပင်ကြီးအား ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဦးစီးဌာမှ ဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ ဈေးသူ၊ ဈေးသားများ စုပေါင်း၍ ရှင်းလင်းဖယ်ရှား ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)