နေပြည်တော် ဩဂုတ် ၆
 
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများသည် မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်ရှိ ဝဇိရာနန္တသုဗောဓာရုံကျောင်းတိုက်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ ဇေယျဝတီ ကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ ကျိုက်ပွန်ဇေတဝန်ကျောင်းတိုက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ကြာကန်ကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ တိပိဋက စိန်ရွှေဖူးကျောင်းတိုက်နှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ဥက္ကံသာရာမရွှေကျောင်းကျောင်းတိုက် တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ ကျိုက်ဇမျှား ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ စန္ဒိမာရာမကျောင်းတိုက်၊ ပြည်ကြီးတံ ခွန်မြို့နယ်ရှိ ပြည်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ ဆုထူးပန်ကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ဇလဲကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ စိတ္တသုခကျောင်းတိုက်တို့သို့ ဆန်ကြာဆံ များကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်