နေပြည်တော် သြဂုတ် ၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္မူသီရိမြို့နယ်၊ အေးမြရွှေပြည်ကျောင်း တိုက်ရှိ သံဃာတော်များ၊ စာသင်သားသာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥနှင့် အခြားလှူဖွယ်ပစ္စည်းများအပြင် ဗလာစာအုပ်နှင့် စာရေးကိရိယာ များ ဆက်ကပ်လှူဒါန်းသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနသည် ပြည်နယ်/တိုင်းဒေသကြီး အသီးသီးတွင်လည်း ဝါတွင်းကာလဝါဆိုဝါကပ်တော်မူကြသည့် သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ကုလားပဲများနှင့် လှူဖွယ်ပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


