ရန်ကုန် သြဂုတ် ၈

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဉီးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) ၏ ၂ဝ၂၃ခုနစ် မိုးရာသီ “ကျောင်းအုပ်ကြီးဖလား”  အဆောင်လိုက် ဘောလုံး၊ ဘော်လီဘော ၊ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ များကို ဇူလိုင် ၁၇ ရက်မှ ဩဂုတ် ၇ ရက်အထိ ကျင်းပခဲ့ပြီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် အဆိုပါကျောင်းအားကစားကွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ပြီး ဘောလုံးဗိုလ်လုပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြကာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ဆုရရှိသည့် အသင်းများကို တံခွန်စိုက်ဆုဖလားနှင့် ဆုကြေးငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်