သံတောင်ကြီး ၂၈ ဖေဖော်ဝါရီ
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ရွာကြီးကျေးရွာအုပ်စု ပျားစခန်းကျေးရွာ တောင်သူ ဦးခင်ငြိမ်း ၏လယ်တွင် ဟင်းသီးဟင်းရွက်စိုက်ခင်းစံပြကွက်အနေဖြင့် စိုက်ပျိုးထားရှိပြီး တောင်သူများစိတ်ပါဝင်စားလာစေရန်နှင့် တစ်ပိုင်တစ်နိုင် အိမ်ခြံဝင်းအတွင်း ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းမှ စီးပွားဖြစ်စိုက်ပျိုးတတ်လာစေရန် ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သော ဟင်းသီဟင်းရွက်များ စားသုံးနိုင်ရန် ရည်ရွယ်၍ တောင်သူပညာပေးကွင်းသရုပ်ပြပွဲတစ်ရပ်ကိုယနေ့နံနက်(၉)နာရီအချိန်ကပြု လုပ်သည်။
အဆိုပါကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းထိုက်မင်းက အိမ်တွင်းငွေနှင်းမှိုစိုက်ပျိုးထားခြင်းဖြင့် မီးဖိုချောင်ကုန်ကျစရိတ်သက်သာစေပြီး မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းမှ စီးပွားဖြင့်စိုက်ပျိုးနိုင်စေရန် ပြောကြားသည်။
ထို့နောက် ဒု-ဦးစီးမှူး ဦးနေဝင်း မှ အိမ်ခြံဝန်းအတွင်း ဟင်းသီးဟင်းရွက်သီးနှံများစိုက်ပျိုးခြင်းဖြင့် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော ဟင်းသီးဟင်းရွက်များကို စားသုံးနိုင်မည်ဖြစ်ကြောင်း တောင်သူများအိမ်ခြံဝန်း၌ သီးနှံများစိုက်ပျိုးရာတွင် စိတ်ပါဝင်စားလာစေရန် ပြောကြားခဲ့ပြီး တက်ရောက်လာသောတောင်သူများအား မှိုမျိုးထုပ်နှင့် ဟင်းသီးဟင်းရွက်များ ပေးဝေခဲ့ကြကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


