သံတောင်ကြီး ၂၈ ဖေဖော်ဝါရီ 

 

ကရင်ပြည်နယ်  သံတောင်ကြီးမြို့နယ်  ရွာကြီးကျေးရွာအုပ်စု  ပျားစခန်းကျေးရွာ  တောင်သူ ဦးခင်ငြိမ်း ၏လယ်တွင် ဟင်းသီးဟင်းရွက်စိုက်ခင်းစံပြကွက်အနေဖြင့် စိုက်ပျိုးထားရှိပြီး  တောင်သူများစိတ်ပါဝင်စားလာစေရန်နှင့် တစ်ပိုင်တစ်နိုင် အိမ်ခြံဝင်းအတွင်း  ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းမှ  စီးပွားဖြစ်စိုက်ပျိုးတတ်လာစေရန်  ကျန်းမာရေးနှင့်ညီညွတ်ပြီး  သန့်ရှင်းလတ်ဆတ်သော ဟင်းသီဟင်းရွက်များ  စားသုံးနိုင်ရန်  ရည်ရွယ်၍  တောင်သူပညာပေးကွင်းသရုပ်ပြပွဲတစ်ရပ်ကိုယနေ့နံနက်(၉)နာရီအချိန်ကပြု လုပ်သည်။

 

IMG-58b

 

အဆိုပါကွင်းသရုပ်ပြပွဲတွင်  စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းထိုက်မင်းက  အိမ်တွင်းငွေနှင်းမှိုစိုက်ပျိုးထားခြင်းဖြင့် မီးဖိုချောင်ကုန်ကျစရိတ်သက်သာစေပြီး  မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းမှ စီးပွားဖြင့်စိုက်ပျိုးနိုင်စေရန်  ပြောကြားသည်။

 

IMG-84d794c

 

ထို့နောက် ဒု-ဦးစီးမှူး ဦးနေဝင်း မှ အိမ်ခြံဝန်းအတွင်း ဟင်းသီးဟင်းရွက်သီးနှံများစိုက်ပျိုးခြင်းဖြင့် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော  ဟင်းသီးဟင်းရွက်များကို စားသုံးနိုင်မည်ဖြစ်ကြောင်း  တောင်သူများအိမ်ခြံဝန်း၌ သီးနှံများစိုက်ပျိုးရာတွင်  စိတ်ပါဝင်စားလာစေရန်  ပြောကြားခဲ့ပြီး  တက်ရောက်လာသောတောင်သူများအား  မှိုမျိုးထုပ်နှင့်  ဟင်းသီးဟင်းရွက်များ ပေးဝေခဲ့ကြကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN

 

ge IMG-0198f6