ဂျကာတာ ဇူလိုင် ၁၄
အင်ဒိုနီးရှားနိုင်ငံ အရှေ့တောင်ဘက်တွင်တည်ရှိသည့် မာလူကူပြည်နယ်၏ အနောက်တောင်ဘက် ပင်လယ်ပြင်၌ ဇူလိုင် ၁၄ ရက် ဒေသစံတော်ချိန် ည ၁၂ နာရီ ၄၉ မိနစ်က ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခဲ့ကြောင်း မိုးလေဝသ၊ ရာသီဥတုဗေဒနှင့် ဘူမိရူပ အေဂျင်စီ (ဘီအမ်ကေဂျီ)က ထုတ်ပြန်ထားသည်။
ငလျင်ဗဟိုချက်မှာ အရှေ့တောင်မာလူကူ၏ အနောက်တောင်ဘက် ၁၇၀ ကီလိုမီတာအကွာတွင် တည်ရှိပြီး ငလျင်အနက်မှာ ၁၀၈ ကီလိုမီတာရှိကြောင်း ဘီအမ်ကေဂျီက ၎င်း၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ပြောကြားသည်။
ပစိဖိတ် မီးတောင်ရပ်ဝန်းတွင်တည်ရှိသည့် အင်ဒိုနီးရှားနိုင်ငံသည် မကြာခဏ ငလျင်များလှုပ်ခတ် လေ့ရှိကြောင်း သိရသည်။
ဆင်ဟွာ


