ဂျကာတာ ဇူလိုင် ၁၄

အင်ဒိုနီးရှားနိုင်ငံ  အရှေ့တောင်ဘက်တွင်တည်ရှိသည့် မာလူကူပြည်နယ်၏ အနောက်တောင်ဘက် ပင်လယ်ပြင်၌ ဇူလိုင် ၁၄  ရက် ဒေသစံတော်ချိန် ည ၁၂ နာရီ ၄၉ မိနစ်က  ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ  ငလျင်လှုပ်ခဲ့ကြောင်း မိုးလေဝသ၊ ရာသီဥတုဗေဒနှင့် ဘူမိရူပ အေဂျင်စီ (ဘီအမ်ကေဂျီ)က ထုတ်ပြန်ထားသည်။

ငလျင်ဗဟိုချက်မှာ အရှေ့တောင်မာလူကူ၏ အနောက်တောင်ဘက် ၁၇၀   ကီလိုမီတာအကွာတွင် တည်ရှိပြီး   ငလျင်အနက်မှာ  ၁၀၈ ကီလိုမီတာရှိကြောင်း   ဘီအမ်ကေဂျီက  ၎င်း၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ပြောကြားသည်။

ပစိဖိတ် မီးတောင်ရပ်ဝန်းတွင်တည်ရှိသည့် အင်ဒိုနီးရှားနိုင်ငံသည် မကြာခဏ ငလျင်များလှုပ်ခတ် လေ့ရှိကြောင်း သိရသည်။     

ဆင်ဟွာ