တိုကျို ဇူလိုင် ၁၆
၂၀၂၅ ပထမနှစ်ဝက်ကာလအတွင်း ဂျပန်နိုင်ငံသို့ ဝင်ရောက်သည့် နိုင်ငံခြားသားခရီးသွားအရေအတွက် မှာ ၂၁ ဒသမ ၅ သန်းရှိသည်ဟု ဂျပန်အမျိုးသား ခရီးသွားလုပ်ငန်းအဖွဲ့အစည်း၏ ဇူလိုင် ၁၆ ရက် ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၄ ခုနှစ် ပထမခြောက်လအတွင်း ဂျပန်နိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားခရီးသွားဧည့်သည် ဦးရေမှာ ၁၇ ဒသမ ၇၈သန်းရှိခဲ့သည်ဟု အဆိုပါ အဖွဲ့အစည်းက ပြောသည်။
ဇွန်လအတွင်း ဂျပန်နိုင်ငံသို့လာရောက်သည့် နိုင်ငံခြားခရီးသွားဦးရေမှာ ၃ ဒသမ ၃၈ သန်းရှိရာ ယမန်နှစ်နှင့် နှိုင်းယှဉ်လျှင် ၇ ဒသမ ၆ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်ပြီး ခရီးသွားလာရောက်မှုအမြင့်ဆုံး ဖြစ်လာသည်ဟု အချက်အလက်များအရ သိရသည်။
ဂျပန်ခရီးသွားအေဂျင်စီ၏ ကနဦးအချက်အလက်များအရ ဧပြီလမှ ဇွန်လအတွင်း ဂျပန်နိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားခရီးသွားများသုံးစွဲမှုမှာ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၈ ဘီလီယံ ရှိသည်ဟု သိရသည်။
ဆင်ဟွာ


