တိုကျို   ဇူလိုင်   ၁၆

၂၀၂၅ ပထမနှစ်ဝက်ကာလအတွင်း  ဂျပန်နိုင်ငံသို့ ဝင်ရောက်သည့်  နိုင်ငံခြားသားခရီးသွားအရေအတွက်  မှာ ၂၁ ဒသမ ၅ သန်းရှိသည်ဟု   ဂျပန်အမျိုးသား ခရီးသွားလုပ်ငန်းအဖွဲ့အစည်း၏ ဇူလိုင်  ၁၆ ရက် ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၄ ခုနှစ် ပထမခြောက်လအတွင်း ဂျပန်နိုင်ငံသို့  လာရောက်သည့်  နိုင်ငံခြားခရီးသွားဧည့်သည် ဦးရေမှာ ၁၇ ဒသမ ၇၈သန်းရှိခဲ့သည်ဟု အဆိုပါ အဖွဲ့အစည်းက ပြောသည်။

ဇွန်လအတွင်း   ဂျပန်နိုင်ငံသို့လာရောက်သည့်  နိုင်ငံခြားခရီးသွားဦးရေမှာ ၃ ဒသမ ၃၈ သန်းရှိရာ ယမန်နှစ်နှင့် နှိုင်းယှဉ်လျှင် ၇ ဒသမ ၆ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်ပြီး ခရီးသွားလာရောက်မှုအမြင့်ဆုံး ဖြစ်လာသည်ဟု အချက်အလက်များအရ သိရသည်။

ဂျပန်ခရီးသွားအေဂျင်စီ၏ ကနဦးအချက်အလက်များအရ ဧပြီလမှ ဇွန်လအတွင်း ဂျပန်နိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားခရီးသွားများသုံးစွဲမှုမှာ  အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၈ ဘီလီယံ ရှိသည်ဟု သိရသည်။                                          

ဆင်ဟွာ