ဆိုးလ် ဇူလိုင် ၂၃
တောင်ကိုရီးယားနိုင်ငံ၌ လက်ထပ်မှုနှုန်းမြင့်လာသည့်အတွက် ကလေးမွေးဖွားမှုနှုန်းမှာလည်း ၁၁ လ ဆက်တိုက် မြင့်တက်ကြောင်း စာရင်းအင်းရုံးက ဇူလိုင် ၂၃ ရက်တွင် ဖော်ပြထားသည်။
ကလေးမွေးဖွားမှုနှုန်းမှာ မေလအတွင်း ၃ ဒသမ ၈ ရာခိုင်နှုန်းတိုးလာပြီး ယမန်နှစ် ဇူလိုင်လမှ စတင်၍ ကလေးမွေးဖွားမှုနှုန်း ဆက်တိုက်မြင့်တက်လာခြင်းဖြစ်ကြောင်း စာရင်းအင်းရုံး အချက် အလက်များအရ သိရသည်။ လက်ထပ်သည့် စုံတွဲဦးရေမှာလည်း မေလအတွင်း ၄ ဒသမ ၀ တိုးလာ ပြီး ကွာရှင်းသည့် ဦးရေမှာ ၆ ဒသမ ၄ ရာခိုင်နှုန်း လျော့နည်းသွားသည်ဟု သိရသည်။
အိမ်ရာဈေးကြီးမြင့်ခြင်းနှင့် အလုပ်လက်မဲ့ဖြစ်ခြင်း အစရှိသည့် စီးပွားရေးအခက်အခဲများကြောင့် ကလေးမွေးဖွားရန်အချိန်နှောင့်နှေးခြင်း သို့မဟုတ် လက်လျှော့လာကြသည့် မျိုးဆက်သစ်လူငယ်များမှာ စိုးရိမ်ပူပန်မှုများရှိနေဆဲဖြစ်သည်။
မေလအတွင်း သေဆုံးမှုနှုန်းမှာ ယမန်နှစ် မေလနှင့်နှိုင်းယှဉ်လျှင် ကွာခြားချက် သိသိသာသာမရှိပေ။ သေဆုံးမှုမြင့်မားခြင်းနှင့် ကလေးမွေးဖွားမှုနည်းပါးခြင်းတို့ကြောင့် လူဦးရေကျဆင်းမှုဖြစ်ပေါ်စေသည်။
ဆင်ဟွာ


