ဆိုးလ် ဇူလိုင် ၂၃

တောင်ကိုရီးယားနိုင်ငံ၌ လက်ထပ်မှုနှုန်းမြင့်လာသည့်အတွက် ကလေးမွေးဖွားမှုနှုန်းမှာလည်း ၁၁ လ ဆက်တိုက်  မြင့်တက်ကြောင်း စာရင်းအင်းရုံးက ဇူလိုင် ၂၃ ရက်တွင် ဖော်ပြထားသည်။

ကလေးမွေးဖွားမှုနှုန်းမှာ မေလအတွင်း ၃  ဒသမ ၈ ရာခိုင်နှုန်းတိုးလာပြီး ယမန်နှစ်  ဇူလိုင်လမှ စတင်၍    ကလေးမွေးဖွားမှုနှုန်း   ဆက်တိုက်မြင့်တက်လာခြင်းဖြစ်ကြောင်း စာရင်းအင်းရုံး အချက် အလက်များအရ သိရသည်။ လက်ထပ်သည့် စုံတွဲဦးရေမှာလည်း မေလအတွင်း ၄ ဒသမ ၀ တိုးလာ ပြီး ကွာရှင်းသည့် ဦးရေမှာ ၆ ဒသမ  ၄ ရာခိုင်နှုန်း လျော့နည်းသွားသည်ဟု သိရသည်။

အိမ်ရာဈေးကြီးမြင့်ခြင်းနှင့်  အလုပ်လက်မဲ့ဖြစ်ခြင်း အစရှိသည့် စီးပွားရေးအခက်အခဲများကြောင့်  ကလေးမွေးဖွားရန်အချိန်နှောင့်နှေးခြင်း သို့မဟုတ်  လက်လျှော့လာကြသည့် မျိုးဆက်သစ်လူငယ်များမှာ  စိုးရိမ်ပူပန်မှုများရှိနေဆဲဖြစ်သည်။

မေလအတွင်း သေဆုံးမှုနှုန်းမှာ ယမန်နှစ် မေလနှင့်နှိုင်းယှဉ်လျှင်  ကွာခြားချက် သိသိသာသာမရှိပေ။ သေဆုံးမှုမြင့်မားခြင်းနှင့် ကလေးမွေးဖွားမှုနည်းပါးခြင်းတို့ကြောင့် လူဦးရေကျဆင်းမှုဖြစ်ပေါ်စေသည်။

ဆင်ဟွာ