အေဒင် ဩဂုတ် ၃
ယီမင်နိုင်ငံတောင်ပိုင်း အက်ယမ်ပြည်နယ်ကမ်းလွန်၌ အာဖရိကရွှေ့ပြောင်းနေထိုင်သူ ၁၅၀ ခန့် ကို တင်ဆောင်လာသည့် မှောင်ခိုလှေတစ်စင်း တိမ်းမှောက်မှုဖြစ်ပွားသဖြင့် ရွှေ့ပြောင်းနေထိုင်သူ ၂၀ ကျော်သေဆုံးပြီး ဒါဇင်နှင့်ချီကာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ယီမင်သတင်းရင်းမြစ်များက ဩဂုတ် ၃ ရက်တွင် ပြောကြားသည်။
အဆိုပါလှေသည် ဩဂုတ် ၂ ရက် ညနှောင်းပိုင်း ဒေသစံတော်ချိန် ည ၁၁ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူဒေသဆိုင်ရာ အရာရှိတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။
ကွင်းဆင်းအဖွဲ့များက Sha-qra နှင့် ဇင်ဂျီဘာမြို့တို့၏ ကမ်းခြေမှ သေဆုံးသူ ၂၀ ကျော်ကို ဩဂုတ် ၃ ရက် နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း၊ အသက်ရှင်ကျန်သူ ၁၂ ဦးကိုလည်း ကယ်ဆယ်ခဲ့ပြီး Shaqra အထွေထွေဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သေဆုံးသူများကို ရှာဖွေရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း အက်ယမ်ရှိ လုံခြုံရေးအာဏာပိုင်များက ပြောကြားသည်။
ဆင်ဟွာ


