အေဒင်   ဩဂုတ်   ၃

ယီမင်နိုင်ငံတောင်ပိုင်း   အက်ယမ်ပြည်နယ်ကမ်းလွန်၌   အာဖရိကရွှေ့ပြောင်းနေထိုင်သူ ၁၅၀ ခန့် ကို တင်ဆောင်လာသည့် မှောင်ခိုလှေတစ်စင်း  တိမ်းမှောက်မှုဖြစ်ပွားသဖြင့်  ရွှေ့ပြောင်းနေထိုင်သူ ၂၀ ကျော်သေဆုံးပြီး  ဒါဇင်နှင့်ချီကာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ယီမင်သတင်းရင်းမြစ်များက ဩဂုတ်  ၃  ရက်တွင်  ပြောကြားသည်။

အဆိုပါလှေသည်    ဩဂုတ် ၂ ရက် ညနှောင်းပိုင်း ဒေသစံတော်ချိန် ည ၁၁ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း  အမည်မဖော်လိုသူဒေသဆိုင်ရာ အရာရှိတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။

ကွင်းဆင်းအဖွဲ့များက Sha-qra  နှင့် ဇင်ဂျီဘာမြို့တို့၏ ကမ်းခြေမှ သေဆုံးသူ ၂၀ ကျော်ကို ဩဂုတ်  ၃ ရက် နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း၊ အသက်ရှင်ကျန်သူ   ၁၂   ဦးကိုလည်း ကယ်ဆယ်ခဲ့ပြီး Shaqra  အထွေထွေဆေးရုံသို့  ပို့ဆောင်ပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးသူများကို ရှာဖွေရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း အက်ယမ်ရှိ လုံခြုံရေးအာဏာပိုင်များက ပြောကြားသည်။

ဆင်ဟွာ