ဂျကာတာ   သြဂုတ်   ၅

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကမ်းဝေးတစ်နေရာတွင်  သြဂုတ် ၅ ရက်က အမြန်ရေယာဉ်တစ်စင်း နစ်မြုပ်ခဲ့သောကြောင့်  လူနှစ်ဦး သေဆုံးခဲ့ပြီး    တစ်ဦးပျောက်ဆုံးလျက်ရှိသည်ဟု    ဘာလီကျွန်း ရှာဖွေကယ်ဆယ်ရေးရုံးမှ အကြီးအကဲတစ်ဦးဖြစ်သူ အိုင်ညိုမန်ဆီ ဒါကာယာက ပြောသည်။

အမြန်ရေယာဉ်နစ်မြုပ်မှုတွင် လူနှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးပျောက်ဆုံးလျက်ရှိကာ ၇၇  ဦး အသက်ရှင်လွတ်မြောက်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောသည်။

အမြန်ရေယာဉ်လင်းပိုင်-၂ ဟုအမည်ပေးထားသော  အဆိုပါ ရေယာဉ်သည်  ဒေသစံတော်ချိန် မွန်းလွဲ  ၃  နာရီခန့်တွင်  ဘာလီပြည်နယ် ဆနားဒေသရှိ ဆိပ်ကမ်းတစ်ခုသို့ ဆိုက်ကပ်ခါနီးကမ်းဝေး တစ်နေရာတွင် ကြီးမားသောလှိုင်းလုံးများ ရိုက်ခတ်မှုကြောင့် တိမ်းမှောက် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ  အမြန်ရေယာဉ်သည် ဘာလီပြည်နယ်  ပီနီဒါဆိပ်ကမ်းမှ အစောပိုင်းထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။  ဘာလီကျွန်း  ရှာဖွေကယ်ဆယ်ရေးရုံးမှ ပျောက်ဆုံးသူများကိုရှာဖွေရန်  အမှုထမ်းများနှင့် စက်လှေများကို စေလွှတ်ထားသည်။                           

ဆင်ဟွာ