အယ်လ်ဂျီးယား  ဩဂုတ်  ၁၈

အယ်လ်ဂျီးရီးယားနိုင်ငံအရှေ့ပိုင်း  တက်ဘက်ဆာပြည်နယ်၌   ဩဂုတ် ၁၇ ရက် ဒေသစံတော်ချိန် ၂၀ နာရီ ၁၁ မိနစ်တွင် ပြင်းအား ၅ ဒသမ၈ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း နက္ခတ္တဗေဒ၊ ရူပနက္ခတ္တဗေဒနှင့် ဘူမိရူပဗေဒဆိုင်ရာ သုတေသနစင်တာ(စီအာအေအေဂျီ) က ထုတ်ပြန်ထားသည်။

ငလျင်ဗဟိုချက်မှာ တက်ဘက်ဆာပြည်နယ် နီဂရင်းမြို့၏ အရှေ့တောင်ဘက် ၁၀ ကီလိုမီတာခန့်အကွာ တွင် တည်ရှိကြောင်း သိရသည်။

ယင်းငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် ဒေသစံတော်ချိန် ၂၀  နာရီ ၂၂  မိနစ်တွင် ပြင်းအား ၄ ဒသမ ၇  အဆင့်ရှိ   ဒုတိယအကြိမ်ငလျင် တစ်ကြိမ်ထပ်မံလှုပ်ခတ်ခဲ့ကြောင်း၊  ငလျင်ဗဟိုချက်မှာ  နီဂရင်းမြို့၏ အရှေ့တောင်ဘက် ၂၆ ကီလိုမီတာခန့်အကွာတွင် တည်ရှိကြောင်း စီအာအေအေဂျီက ထုတ်ပြန်ထား သည်။

ခန်ချီလာ၊ ဆုခ်အာရတ်စ်နှင့် အယ်လ်အိုရွတ်မြို့တို့အပါအဝင် အနီးဝန်းကျင်ရှိ ဒေသအများအပြားတွင် ငလျင်လှုပ်ခတ်မှုကို သိသိသာသာခံစားရကြောင်း သိရသည်။ ငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်၍ ပျက်စီးဆုံးရှုံးမှုနှင့် အသေအပျောက်စာရင်းကို ယခုအချိန်အထိ မသိရှိသေးပေ။

ဆင်ဟွာ