အယ်လ်ဂျီးယား ဩဂုတ် ၁၈
အယ်လ်ဂျီးရီးယားနိုင်ငံအရှေ့ပိုင်း တက်ဘက်ဆာပြည်နယ်၌ ဩဂုတ် ၁၇ ရက် ဒေသစံတော်ချိန် ၂၀ နာရီ ၁၁ မိနစ်တွင် ပြင်းအား ၅ ဒသမ ၈ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း နက္ခတ္တဗေဒ၊ ရူပနက္ခတ္တဗေဒနှင့် ဘူမိရူပဗေဒဆိုင်ရာ သုတေသနစင်တာ(စီအာအေအေဂျီ) က ထုတ်ပြန်ထားသည်။
ငလျင်ဗဟိုချက်မှာ တက်ဘက်ဆာပြည်နယ် နီဂရင်းမြို့၏ အရှေ့တောင်ဘက် ၁၀ ကီလိုမီတာခန့်အကွာ တွင် တည်ရှိကြောင်း သိရသည်။
ယင်းငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် ဒေသစံတော်ချိန် ၂၀ နာရီ ၂၂ မိနစ်တွင် ပြင်းအား ၄ ဒသမ ၇ အဆင့်ရှိ ဒုတိယအကြိမ်ငလျင် တစ်ကြိမ်ထပ်မံလှုပ်ခတ်ခဲ့ကြောင်း၊ ငလျင်ဗဟိုချက်မှာ နီဂရင်းမြို့၏ အရှေ့တောင်ဘက် ၂၆ ကီလိုမီတာခန့်အကွာတွင် တည်ရှိကြောင်း စီအာအေအေဂျီက ထုတ်ပြန်ထား သည်။
ခန်ချီလာ၊ ဆုခ်အာရတ်စ်နှင့် အယ်လ်အိုရွတ်မြို့တို့အပါအဝင် အနီးဝန်းကျင်ရှိ ဒေသအများအပြားတွင် ငလျင်လှုပ်ခတ်မှုကို သိသိသာသာခံစားရကြောင်း သိရသည်။ ငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်၍ ပျက်စီးဆုံးရှုံးမှုနှင့် အသေအပျောက်စာရင်းကို ယခုအချိန်အထိ မသိရှိသေးပေ။
ဆင်ဟွာ


