ဖနောင်ပင်  ဩဂုတ်  ၂၁

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမခုနစ်လအတွင်း ဒီဇယ်ဆီ၊   လောင်စာဆီ၊   ဓာတ်ဆီနှင့် သဘာဝဓာတ်ငွေ့တင်သွင်းမှု စုစုပေါင်းမှာ ၁၃ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။

ဒီဇယ်ဆီ၊ လောင်စာဆီ၊ ဓာတ် ဆီနှင့် သဘာဝဓာတ်ငွေ့တင်သွင်းမှု၏  တန်ဖိုးမှာ    ပြီးခဲ့သည့်နှစ် အလားတူကာလက ဒေါ်လာ ၁  ဒသမ ၆၇ ဘီလီယံရှိရာမှ ယခုနှစ်  ဇန်နဝါရီလမှ ဇူလိုင်လအတွင်း အမေရိကန်ဒေါ်လာ  ၁ ဒသမ ၄၅ ဘီလီယံရှိကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ဒီဇယ်စက်သုံးဆီတင်သွင်းမှုကို ဒေါ်လာ ၇၈၆  သန်း၊ ဓာတ်ဆီတင်သွင်း မှုကို ဒေါ်လာ ၄၅၉ ဒသမ ၇ သန်းနှင့်   သဘာဝဓာတ်ငွေ့တင်သွင်းမှုကို ဒေါ်လာ ၂၀၄ ဒသမ ၆   သန်း  သုံးစွဲခဲ့ကြောင်း   သိရသည်။

ကမ္ဘောဒီးယားနိုင်ငံအတွင်း ရေနံနှင့် ဓာတ်ငွေ့ထုတ်ကုန်များအတွက် လိုအပ်ချက်မှာ ၂၀၂၀ ပြည့်နှစ် က  တန်ချိန်  ၂  ဒသမ ၈ သန်းရှိရာမှ   ၂၀၃၀  ပြည့်နှစ်တွင် တန်ချိန် ၃၄ ဒသမ ၈ သန်းတိုးလာမည်ဟု   သတ္တုနှင့်စွမ်းအင်ဝန်ကြီးဌာနက ခန့်မှန်းထားသည်။

ဆင်ဟွာ