ဖနောင်ပင် ဩဂုတ် ၂၁
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမခုနစ်လအတွင်း ဒီဇယ်ဆီ၊ လောင်စာဆီ၊ ဓာတ်ဆီနှင့် သဘာဝဓာတ်ငွေ့တင်သွင်းမှု စုစုပေါင်းမှာ ၁၃ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။
ဒီဇယ်ဆီ၊ လောင်စာဆီ၊ ဓာတ် ဆီနှင့် သဘာဝဓာတ်ငွေ့တင်သွင်းမှု၏ တန်ဖိုးမှာ ပြီးခဲ့သည့်နှစ် အလားတူကာလက ဒေါ်လာ ၁ ဒသမ ၆၇ ဘီလီယံရှိရာမှ ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၅ ဘီလီယံရှိကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ဒီဇယ်စက်သုံးဆီတင်သွင်းမှုကို ဒေါ်လာ ၇၈၆ သန်း၊ ဓာတ်ဆီတင်သွင်း မှုကို ဒေါ်လာ ၄၅၉ ဒသမ ၇ သန်းနှင့် သဘာဝဓာတ်ငွေ့တင်သွင်းမှုကို ဒေါ်လာ ၂၀၄ ဒသမ ၆ သန်း သုံးစွဲခဲ့ကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံအတွင်း ရေနံနှင့် ဓာတ်ငွေ့ထုတ်ကုန်များအတွက် လိုအပ်ချက်မှာ ၂၀၂၀ ပြည့်နှစ် က တန်ချိန် ၂ ဒသမ ၈ သန်းရှိရာမှ ၂၀၃၀ ပြည့်နှစ်တွင် တန်ချိန် ၃၄ ဒသမ ၈ သန်းတိုးလာမည်ဟု သတ္တုနှင့်စွမ်းအင်ဝန်ကြီးဌာနက ခန့်မှန်းထားသည်။
ဆင်ဟွာ


