ခတ္တမန္ဒူ စက်တင်ဘာ ၂

နီပေါနိုင်ငံသို့   ဩဂုတ်လအတွင်း နိုင်ငံတကာခရီးသွား  ဝင်ရောက်မှုမြင့်တက်လာခဲ့ပြီး  ယမန်နှစ် အလားတူလနှင့် နှိုင်းယှဉ်လျှင် ၂၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း နီပေါခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့က စက်တင်ဘာ ၁ ရက်တွင် ပြောသည်။

နီပေါနိုင်ငံသို့    ၂၀၂၄    ခုနှစ် ဩဂုတ်လတွင်   နိုင်ငံတကာခရီး သွားဝင်ရောက်မှု ၇၂၇၁၇  ဦးရှိရာမှ ယခုနှစ် ဩဂုတ်လတွင် ၈၈၆၈၀ အထိ   မြင့်တက်လာခြင်းဖြစ်သည်။ ယခုနှစ်  ပထမရှစ်လအတွင်း နီပေါနိုင်ငံသို့ နိုင်ငံတကာခရီးသွားဝင်ရောက်မှု စုစုပေါင်းမှာ ၇၃၆၅၆၂ ဦးရှိလာပြီဖြစ်သည်။

ခရီးသွားလုပ်ငန်းသည် နီပေါနိုင်ငံအတွက် နိုင်ငံခြားငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို   ပံ့ပိုးပေးနေသည့်   အဓိကလုပ်ငန်းတစ်ခုဖြစ်သည်။

ဆင်ဟွာ