ခတ္တမန္ဒူ စက်တင်ဘာ ၂
နီပေါနိုင်ငံသို့ ဩဂုတ်လအတွင်း နိုင်ငံတကာခရီးသွား ဝင်ရောက်မှုမြင့်တက်လာခဲ့ပြီး ယမန်နှစ် အလားတူလနှင့် နှိုင်းယှဉ်လျှင် ၂၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း နီပေါခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့က စက်တင်ဘာ ၁ ရက်တွင် ပြောသည်။
နီပေါနိုင်ငံသို့ ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် နိုင်ငံတကာခရီး သွားဝင်ရောက်မှု ၇၂၇၁၇ ဦးရှိရာမှ ယခုနှစ် ဩဂုတ်လတွင် ၈၈၆၈၀ အထိ မြင့်တက်လာခြင်းဖြစ်သည်။ ယခုနှစ် ပထမရှစ်လအတွင်း နီပေါနိုင်ငံသို့ နိုင်ငံတကာခရီးသွားဝင်ရောက်မှု စုစုပေါင်းမှာ ၇၃၆၅၆၂ ဦးရှိလာပြီဖြစ်သည်။
ခရီးသွားလုပ်ငန်းသည် နီပေါနိုင်ငံအတွက် နိုင်ငံခြားငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ပံ့ပိုးပေးနေသည့် အဓိကလုပ်ငန်းတစ်ခုဖြစ်သည်။
ဆင်ဟွာ


