ပေကျင်း စက်တင်ဘာ ၇

သမိုင်းအား  အောက်မေ့သတိရခြင်းနှင့်  တရားမျှတမှုကို ကာကွယ်ထိန်းသိမ်းခြင်း၊ ဒုတိယ ကမ္ဘာစစ်အတွင်း ကမ္ဘာ့အရှေ့ခြမ်း စစ်မြေပြင်တို့၏ အမှန်တရား ဆိုင်ရာ ဖော်ထုတ်သည့် အစီရင်ခံစာအား  စက်တင်ဘာ  ၅  ရက်က ထုတ်ပြန်သည်။

အဆိုပါ  အခမ်းအနားကို ပေကျင်းမြို့၌ ကျင်းပခဲ့ပြီး တရုတ်ပြည်သူများ၏ ဆန့်ကျင် တိုက်ပွဲဝင်ခဲ့သည့် အရေးပါမှုနှင့် အောင်ပွဲထက်သို့ ကူညီပေးမှုများသည် ကမ္ဘာလုံးဆိုင်ရာ ဖက်ဆစ် ဆန့်ကျင်စစ်ပွဲ အောင်ပွဲထက် တွင် အလွန်ကြီးမားသည်ဟု အစီရင်ခံစာအတွင်း ဖော်ပြထား သည်။

ပြောကြား

အဆိုပါအစီရင်ခံစာကို ဆင်ဟွာ သတင်းဌာန လက်အောက်ရှိ ဆင်ဟွာအင်စတီကျုက  တရုတ်-အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းအခမ်းအနား တွင် “ဆန့်ကျင်တိုက်ပွဲ၏ စိတ်ဓာတ်သည်  လွန်ခဲ့သည့်အချိန်က ကဲ့သို့ပင် ယနေ့အချိန်တွင်ပါ အရေးကြီးနေဆဲဖြစ်ပြီး တရုတ်ပြည်သူတို့အတွက် အလွန်စွဲမြဲနေဆဲဖြစ်သည်” ဟု  တရုတ်ကွန်မြူနစ်ပါတီ သမိုင်းနှင့်စာပေဌာန အကြီးတန်း ကျွမ်းကျင်ပညာရှင် အဖွဲ့ဥက္ကဋ္ဌ မစ္စတာ Qu Qingshan  က ပြောကြားသည်။

အခမ်းအနားအတွင်း တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံစသည့် ဒုတိယကမ္ဘာစစ်၏ ကမ္ဘာ့အရှေ့ခြမ်း စစ်မြေပြင်ဖြစ်ခဲ့ရာ နိုင်ငံများနှင့် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများအကြောင်းကိုလည်း ပညာရှင်များက ဆွေးနွေးကြသည်။

ဆင်ဟွာ သတင်းဌာန အကြီးအကဲ Fu Hua က  ဒုတိယ ကမ္ဘာစစ်ပွဲ  သမိုင်းဖြစ်ရပ်ကို နားလည်မှသာ  ကမ္ဘာလုံးဆိုင်ရာ ထာဝရငြိမ်းချမ်းရေးအတွက် ပိုမို လုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ အခမ်းအနားကို ဆင်ဟွာသတင်းဌာန စာတည်းမှူးချုပ် မစ္စတာ Lyu Yansong က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး  ကမ္ဘာ့အရှေ့ခြမ်း နိုင်ငံများမှ ပညာရှင်များက ဆွေးနွေးကြခြင်းဖြစ်သည်။

ခင်ရတနာ