ပေကျင်း စက်တင်ဘာ ၇
သမိုင်းအား အောက်မေ့သတိရခြင်းနှင့် တရားမျှတမှုကို ကာကွယ်ထိန်းသိမ်းခြင်း၊ ဒုတိယ ကမ္ဘာစစ်အတွင်း ကမ္ဘာ့အရှေ့ခြမ်း စစ်မြေပြင်တို့၏ အမှန်တရား ဆိုင်ရာ ဖော်ထုတ်သည့် အစီရင်ခံစာအား စက်တင်ဘာ ၅ ရက်က ထုတ်ပြန်သည်။
အဆိုပါ အခမ်းအနားကို ပေကျင်းမြို့၌ ကျင်းပခဲ့ပြီး တရုတ်ပြည်သူများ၏ ဆန့်ကျင် တိုက်ပွဲဝင်ခဲ့သည့် အရေးပါမှုနှင့် အောင်ပွဲထက်သို့ ကူညီပေးမှုများသည် ကမ္ဘာလုံးဆိုင်ရာ ဖက်ဆစ် ဆန့်ကျင်စစ်ပွဲ အောင်ပွဲထက် တွင် အလွန်ကြီးမားသည်ဟု အစီရင်ခံစာအတွင်း ဖော်ပြထား သည်။
ပြောကြား
အဆိုပါအစီရင်ခံစာကို ဆင်ဟွာ သတင်းဌာန လက်အောက်ရှိ ဆင်ဟွာအင်စတီကျုက တရုတ်-အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းအခမ်းအနား တွင် “ဆန့်ကျင်တိုက်ပွဲ၏ စိတ်ဓာတ်သည် လွန်ခဲ့သည့်အချိန်က ကဲ့သို့ပင် ယနေ့အချိန်တွင်ပါ အရေးကြီးနေဆဲဖြစ်ပြီး တရုတ်ပြည်သူတို့အတွက် အလွန်စွဲမြဲနေဆဲဖြစ်သည်” ဟု တရုတ်ကွန်မြူနစ်ပါတီ သမိုင်းနှင့်စာပေဌာန အကြီးတန်း ကျွမ်းကျင်ပညာရှင် အဖွဲ့ဥက္ကဋ္ဌ မစ္စတာ Qu Qingshan က ပြောကြားသည်။
အခမ်းအနားအတွင်း တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံစသည့် ဒုတိယကမ္ဘာစစ်၏ ကမ္ဘာ့အရှေ့ခြမ်း စစ်မြေပြင်ဖြစ်ခဲ့ရာ နိုင်ငံများနှင့် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများအကြောင်းကိုလည်း ပညာရှင်များက ဆွေးနွေးကြသည်။
ဆင်ဟွာ သတင်းဌာန အကြီးအကဲ Fu Hua က ဒုတိယ ကမ္ဘာစစ်ပွဲ သမိုင်းဖြစ်ရပ်ကို နားလည်မှသာ ကမ္ဘာလုံးဆိုင်ရာ ထာဝရငြိမ်းချမ်းရေးအတွက် ပိုမို လုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ အခမ်းအနားကို ဆင်ဟွာသတင်းဌာန စာတည်းမှူးချုပ် မစ္စတာ Lyu Yansong က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ကမ္ဘာ့အရှေ့ခြမ်း နိုင်ငံများမှ ပညာရှင်များက ဆွေးနွေးကြခြင်းဖြစ်သည်။
ခင်ရတနာ


