ပေကျင်း   စက်တင်ဘာ   ၂၃

တရုတ်နိုင်ငံ၌ 5G အခြေစိုက်စခန်းအရေအတွက်မှာ   ဩဂုတ်လကုန်တွင်  ၄   ဒသမ  ၆၅     သန်း နီးပါးကို ရောက်ရှိလာပြီဖြစ်ကြောင်း စက်တင်ဘာ ၂၃ ရက်က ဖော်ပြသော တရားဝင်အချက်အလက်များ ကိုးကား၍    ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

အဆိုပါ    အရေအတွက်သည် တစ်နိုင်ငံလုံးရှိ     မိုဘိုင်းအခြေစိုက် စခန်း စုစုပေါင်း၏  ၃၆  ဒသမ  ၃ ရာခိုင်နှုန်းရှိကြောင်း စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက   ထုတ်ပြန်ထားသည်။   တရုတ်နိုင်ငံတွင်   5G ဝန်ဆောင်မှုကို    အသုံးပြုသော မိုဘိုင်းသုံးစွဲသူ အရေအတွက်မှာ မြင့်တက်လာလျက်ရှိသည်။

ဩဂုတ်လကုန်ပိုင်းအထိ တရုတ်နိုင်ငံ၏ အဓိကဆက်သွယ်ရေးလုပ်ငန်းကြီးသုံးခုနှင့်  China Broadnet  ၏   မိုဘိုင်းဖုန်းသုံးစွဲ သူအရေအတွက်မှာ  ၁ ဒသမ ၈၂ ဘီလီယံခန့်ရှိလာကြောင်း အချက်အလက်များအရ သိရသည်။ ၎င်းတို့အနက် 5G   မိုဘိုင်းဖုန်းသုံးစွဲသူ ၁ ဒသမ ၁၅ ဘီလီယံ ကျော် ရှိကြောင်း၊   ယင်းမှာ  ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကထက် သန်း  ၁၄၀ တိုးလာကြောင်းနှင့်  မိုဘိုင်းဖုန်းသုံးစွဲသူ စုစုပေါင်း၏ ၆၃ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ဆင်ဟွာ