ပေကျင်း စက်တင်ဘာ ၂၃
တရုတ်နိုင်ငံ၌ 5G အခြေစိုက်စခန်းအရေအတွက်မှာ ဩဂုတ်လကုန်တွင် ၄ ဒသမ ၆၅ သန်း နီးပါးကို ရောက်ရှိလာပြီဖြစ်ကြောင်း စက်တင်ဘာ ၂၃ ရက်က ဖော်ပြသော တရားဝင်အချက်အလက်များ ကိုးကား၍ ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
အဆိုပါ အရေအတွက်သည် တစ်နိုင်ငံလုံးရှိ မိုဘိုင်းအခြေစိုက် စခန်း စုစုပေါင်း၏ ၃၆ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ တရုတ်နိုင်ငံတွင် 5G ဝန်ဆောင်မှုကို အသုံးပြုသော မိုဘိုင်းသုံးစွဲသူ အရေအတွက်မှာ မြင့်တက်လာလျက်ရှိသည်။
ဩဂုတ်လကုန်ပိုင်းအထိ တရုတ်နိုင်ငံ၏ အဓိကဆက်သွယ်ရေးလုပ်ငန်းကြီးသုံးခုနှင့် China Broadnet ၏ မိုဘိုင်းဖုန်းသုံးစွဲ သူအရေအတွက်မှာ ၁ ဒသမ ၈၂ ဘီလီယံခန့်ရှိလာကြောင်း အချက်အလက်များအရ သိရသည်။ ၎င်းတို့အနက် 5G မိုဘိုင်းဖုန်းသုံးစွဲသူ ၁ ဒသမ ၁၅ ဘီလီယံ ကျော် ရှိကြောင်း၊ ယင်းမှာ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကထက် သန်း ၁၄၀ တိုးလာကြောင်းနှင့် မိုဘိုင်းဖုန်းသုံးစွဲသူ စုစုပေါင်း၏ ၆၃ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ဆင်ဟွာ


