ပူတာအို စက်တင်ဘာ ၂၄
ကချင်ပြည်နယ် ပူတာအိုမြို့နယ် ပညာရေးမှူးရုံးက ကြီးမှူး၍ ကျောင်းသားလူငယ်များ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်လာစေရန်၊ ကျောင်းသားလူငယ်များ ဘက်စုံထူးချွန်လာစေရန်နှင့် မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် နိုင်ငံ့အတွက် အားထားရသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပခဲ့သော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာ ၂၃ ရက်က ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်း၌ ကျင်းပသည်။
ဦးစွာ အမျိုးသမီး အသက် ၁၉ နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် အထက(ပူတာအို)ဘောလုံးအသင်းနှင့် အထက(လေယာဉ်ကွင်း)ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားရာ အထက(ပူတာအို)ဘောလုံးအသင်းက ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။
အဆိုပါ အားကစားပြိုင်ပွဲများကို စက်တင်ဘာ ၉ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)


