ပူတာအို   စက်တင်ဘာ   ၂၄

ကချင်ပြည်နယ် ပူတာအိုမြို့နယ် ပညာရေးမှူးရုံးက  ကြီးမှူး၍ ကျောင်းသားလူငယ်များ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်လာစေရန်၊ ကျောင်းသားလူငယ်များ ဘက်စုံထူးချွန်လာစေရန်နှင့်   မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် နိုင်ငံ့အတွက် အားထားရသော  အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်  ရည်ရွယ်ကျင်းပခဲ့သော ၂၀၂၅-၂၀၂၆ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာ   ၂၃  ရက်က ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း   ဘောလုံးကွင်း၌ ကျင်းပသည်။

ဦးစွာ အမျိုးသမီး အသက် ၁၉ နှစ်အောက်  အခြေခံပညာကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် အထက(ပူတာအို)ဘောလုံးအသင်းနှင့် အထက(လေယာဉ်ကွင်း)ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားရာ အထက(ပူတာအို)ဘောလုံးအသင်းက ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။

အဆိုပါ အားကစားပြိုင်ပွဲများကို စက်တင်ဘာ  ၉ ရက်မှ ၂၃ ရက်အထိ  ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။      

ဖုန်ကန်(ပူတာအို)