ဟနွိုင်း  အောက်တိုဘာ  ၂

ဗီယက်နမ်နိုင်ငံ၌ တိုင်ဖွန်းမုန်တိုင်း ဘူအလွိုင်နှင့်  နောက်ဆက်တွဲဖြစ်သည့်   ရေကြီးနစ်မြုပ်မှုနှင့် မြေပြိုမှုများကြောင့်  လူပေါင်း ၃၄ ဦးသေဆုံးပြီး  ၂၀  ‌ပျောက်ဆုံးနေကြောင်း၊ အခြား လူ ၁၄၀ ဒဏ်ရာရရှိကြောင်းနှင့် စီးပွားရေးဆုံးရှုံးမှုမှာ ခန့်မှန်းခြေအားဖြင့် ဗီယက်နမ် ဒေါင်  ၈  ဒသမ  ၇၈  ထရီလီယံ (အမေရိကန်ဒေါ်လာ  ၃၅၆ သန်းခန့်) ရှိကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက  အောက်တိုဘာ  ၁ ရက်က ထုတ်ပြန်ထားသည်။

တိုင်ဖွန်းမုန်တိုင်းကြောင့် အခြေခံအဆောက်အအုံများ ကြီးမားစွာပျက်စီးခဲ့ရပြီး လျှပ်စစ်မီးတိုင် ၈၂၀၀ ကျော်  လဲကျခြင်း၊ အိမ်ထောင်စု ၂ ဒသမ ၇ သန်းနီးပါး လျှပ်စစ်မီးပြတ်တောက်ခြင်း၊  ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် လမ်း ၃၀၀၀ ကျော် လမ်းပိတ်ခဲ့ရကြောင်း  ထုတ်ပြန်ချက်အရ သိရသည်။

ဆင်ဟွာ