ဟနွိုင်း အောက်တိုဘာ ၂
ဗီယက်နမ်နိုင်ငံ၌ တိုင်ဖွန်းမုန်တိုင်း ဘူအလွိုင်နှင့် နောက်ဆက်တွဲဖြစ်သည့် ရေကြီးနစ်မြုပ်မှုနှင့် မြေပြိုမှုများကြောင့် လူပေါင်း ၃၄ ဦးသေဆုံးပြီး ၂၀ ပျောက်ဆုံးနေကြောင်း၊ အခြား လူ ၁၄၀ ဒဏ်ရာရရှိကြောင်းနှင့် စီးပွားရေးဆုံးရှုံးမှုမှာ ခန့်မှန်းခြေအားဖြင့် ဗီယက်နမ် ဒေါင် ၈ ဒသမ ၇၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၅၆ သန်းခန့်) ရှိကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက အောက်တိုဘာ ၁ ရက်က ထုတ်ပြန်ထားသည်။
တိုင်ဖွန်းမုန်တိုင်းကြောင့် အခြေခံအဆောက်အအုံများ ကြီးမားစွာပျက်စီးခဲ့ရပြီး လျှပ်စစ်မီးတိုင် ၈၂၀၀ ကျော် လဲကျခြင်း၊ အိမ်ထောင်စု ၂ ဒသမ ၇ သန်းနီးပါး လျှပ်စစ်မီးပြတ်တောက်ခြင်း၊ ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် လမ်း ၃၀၀၀ ကျော် လမ်းပိတ်ခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဆင်ဟွာ


