လပွတ္တာ အောက်တိုဘာ ၇

 

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် အောင်တော်မူစေတီတော်မြတ်ကြီးတွင်  လပွတ္တာမြို့နယ်လုံးဆိုင်ရာ  တာဝတိံသာ  ဘုရားဆင်းဗုဒ္ဓပူဇနိယပွဲတော်နှင့်  သီတင်းကျွတ် မီးထွန်းပွဲတော် အခမ်းအနားကို ယမန်နေ့ညနေ ၆ နာရီက ကျင်းပသည်။

 

အဆိုပါပွဲတော်ကို  ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစံရင်မော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ၊ ဘုရားဆင်းဗုဒ္ဓပူဇနိယ ပွဲတော်ဆင်ယင်ကျင်းပခြင်းနိဒါန်းကို ဖတ်ကြားရှင်းလင်းသည်။

 

ထို့နောက် ဘုရားရှင်ဂုဏ်တော်များကို အမွှမ်းပြုသည့် ပထမဩဘာစာ၊ ဒုတိယဩဘာစာနှင့်  တတိယဩဘာစာတို့ကို ဖတ်ကြားပူဇော်ပြီး  ကိုယ်တော်မြတ်ကြီးအား  ကြည်ညိုပူဇော်ခံယူတော်မူလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)