လပွတ္တာ အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် အောင်တော်မူစေတီတော်မြတ်ကြီးတွင် လပွတ္တာမြို့နယ်လုံးဆိုင်ရာ တာဝတိံသာ ဘုရားဆင်းဗုဒ္ဓပူဇနိယပွဲတော်နှင့် သီတင်းကျွတ် မီးထွန်းပွဲတော် အခမ်းအနားကို ယမန်နေ့ညနေ ၆ နာရီက ကျင်းပသည်။
အဆိုပါပွဲတော်ကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစံရင်မော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ၊ ဘုရားဆင်းဗုဒ္ဓပူဇနိယ ပွဲတော်ဆင်ယင်ကျင်းပခြင်းနိဒါန်းကို ဖတ်ကြားရှင်းလင်းသည်။
ထို့နောက် ဘုရားရှင်ဂုဏ်တော်များကို အမွှမ်းပြုသည့် ပထမဩဘာစာ၊ ဒုတိယဩဘာစာနှင့် တတိယဩဘာစာတို့ကို ဖတ်ကြားပူဇော်ပြီး ကိုယ်တော်မြတ်ကြီးအား ကြည်ညိုပူဇော်ခံယူတော်မူလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


