ဂျကာတာ အောက်တိုဘာ ၈
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း အင်ဒိုနီးရှားနိုင်ငံသည် ကော်ဖီတန်ချိန် ၂၀၆၇၀၀ ကို ပြည်ပသို့တင်ပို့နိုင်ခဲ့သည်ဟု အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဝန်ကြီးဌာနက အောက်တိုဘာ ၈ ရက်တွင် ပြောသည်။
အမေရိကန်၊ ဂျပန်၊ အရှေ့အလယ်ပိုင်းရှိနိုင်ငံများနှင့် အရှေ့တောင်အာရှသို့ ကော်ဖီများတင်ပို့ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးဆုံးကော်ဖီထုတ်လုပ်သူနိုင်ငံများထဲမှ တစ်ခုဖြစ်ပြီး ကော်ဖီစိုက်ပျိုးမှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးသမားများက စိုက်ပျိုးသည်ဟု အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဝန်ကြီးဌာန ဒုတိယဝန်ကြီး ဘာဂပ်စ်ရက်ချ်မန်က ပြောသည်။
၂၀၂၄ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံသည် ကော်ဖီတင်ပို့မှုဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၃ ဘီလီယံ ဝင်ငွေရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကနှင့်နှိုင်းယှဉ်လျှင် ၇၆ ဒသမ ၃ ရာခိုင်နှုန်းတိုးလာသည်ဟု အင်ဒိုနီးရှားစာရင်းအချက်အလက်များအရ သိရသည်။
ဆင်ဟွာ


