ဂျကာတာ  အောက်တိုဘာ   ၈

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း အင်ဒိုနီးရှားနိုင်ငံသည် ကော်ဖီတန်ချိန် ၂၀၆၇၀၀ ကို ပြည်ပသို့တင်ပို့နိုင်ခဲ့သည်ဟု အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဝန်ကြီးဌာနက အောက်တိုဘာ ၈ ရက်တွင် ပြောသည်။

အမေရိကန်၊  ဂျပန်၊  အရှေ့အလယ်ပိုင်းရှိနိုင်ငံများနှင့်  အရှေ့တောင်အာရှသို့  ကော်ဖီများတင်ပို့ခဲ့သည်။  အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင်   အကြီးဆုံးကော်ဖီထုတ်လုပ်သူနိုင်ငံများထဲမှ တစ်ခုဖြစ်ပြီး ကော်ဖီစိုက်ပျိုးမှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို   တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးသမားများက စိုက်ပျိုးသည်ဟု  အသေးစား၊ အငယ်စားနှင့် အလတ်စား  စီးပွားရေးလုပ်ငန်းများဝန်ကြီးဌာန    ဒုတိယဝန်ကြီး ဘာဂပ်စ်ရက်ချ်မန်က ပြောသည်။

၂၀၂၄  ခုနှစ်အတွင်း  အင်ဒိုနီးရှားနိုင်ငံသည်   ကော်ဖီတင်ပို့မှုဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၃ ဘီလီယံ ဝင်ငွေရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကနှင့်နှိုင်းယှဉ်လျှင် ၇၆ ဒသမ ၃ ရာခိုင်နှုန်းတိုးလာသည်ဟု အင်ဒိုနီးရှားစာရင်းအချက်အလက်များအရ သိရသည်။                          

ဆင်ဟွာ