နေပြည်တော် အောက်တိုဘာ ၁၃
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို အောက်တိုဘာ ၁၅ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) (MICC-I) တွင် ကျင်းပမည်ဖြစ်သည်။
အဆိုပါအခမ်းအနားကို ယင်းနေ့ နံနက် ၈ နာရီ ၄၅ မိနစ်မှစတင်ကာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV HD ၊ MRTV News ၊ MRTV Parliament ၊ NRC Channel ၊ Farmer’s Channel ၊ MITV ၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရုပ်သံလိုင်းများဖြစ်သော MNTV၊ Skynet Up to date နှင့် Readers' Channel တို့အပြင် မိတ်ဖက်ရုပ်သံလိုင်းများဖြစ်ကြသည့် MWD HD၊ MWD Variety Channel တို့မှ လည်းကောင်း၊ MOI Website ၊ MOI Youtube ၊ MRTV APP: အပါအဝင် MRTV Online Platform တို့မှလည်းကောင်း တိုက်ရိုက်(LIVE) ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ထို့ပြင် မြန်မာ့အသံရေဒီယို၊ သဇင် FM ၊ မန္တလေး FM ၊ ပဉ္စဝတီ FM ၊ ရွှေ FM ၊ ပတ္တမြား FM ၊ FM ပုဂံ၊ ချယ်ရီ FM နှင့် Star FM ၊ မြန်မာ့အသံ Radio App တို့မှလည်း တိုက်ရိုက် (LIVE) ထုတ်လွှင့်မည်ဖြစ်သည်။
သတင်းစဉ်


