နေပြည်တော်   အောက်တိုဘာ  ၁၃

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို အောက်တိုဘာ ၁၅  ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) (MICC-I) တွင် ကျင်းပမည်ဖြစ်သည်။

အဆိုပါအခမ်းအနားကို ယင်းနေ့ နံနက် ၈ နာရီ ၄၅ မိနစ်မှစတင်ကာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV HD ၊ MRTV News ၊ MRTV Parliament  ၊ NRC Channel ၊ Farmer’s Channel ၊ MITV ၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်  ရုပ်သံလိုင်းများဖြစ်သော MNTV၊ Skynet Up to date နှင့် Readers' Channel တို့အပြင် မိတ်ဖက်ရုပ်သံလိုင်းများဖြစ်ကြသည့် MWD HD၊ MWD Variety Channel တို့မှ လည်းကောင်း၊   MOI   Website ၊   MOI  Youtube ၊  MRTV  APP:  အပါအဝင်  MRTV Online  Platform  တို့မှလည်းကောင်း  တိုက်ရိုက်(LIVE) ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ထို့ပြင် မြန်မာ့အသံရေဒီယို၊ သဇင် FM ၊ မန္တလေး FM ၊ ပဉ္စဝတီ FM ၊  ရွှေ FM ၊  ပတ္တမြား FM ၊ FM  ပုဂံ၊  ချယ်ရီ FM နှင့်  Star  FM ၊ မြန်မာ့အသံ Radio App တို့မှလည်း တိုက်ရိုက် (LIVE) ထုတ်လွှင့်မည်ဖြစ်သည်။

သတင်းစဉ်