နေပြည်တော် အောက်တိုဘာ ၂၁
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၌ ဆိုလာရေတင် စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်း ငါးခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယ မြို့နယ် တောင်ခြေကျေးရွာအုပ်စု တံတားကြီးကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများမှာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်။
အဆိုပါ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေ ဖူလုံစွာရရှိရေးအတွက် ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် ဒေသခံတောင်သူများ အနေဖြင့် မြေပဲ၊ နေကြာ၊ ဂျုံ၊ စပါး၊ ခရမ်းချဉ်၊ ပဲပုပ်၊ ပြောင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူများ စိုက်ပျိုးရာတွင် ယခင်ကထက် ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


