သာယာဝတီ   အောက်တိုဘာ ၂၂

ပဲခူးတိုင်းဒေသကြီး  သာယာဝတီမြို့နယ်၌    မြို့နယ်အတွင်းရှိ မူလတန်းကြိုကျောင်းပေါင်းစုံ  စုပေါင်းဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့က ဆရာစံခန်းမ၌ ကျင်းပသည်။

ဦးစွာ သာယာဝတီခရိုင်   ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးက အမှာစကားပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်ခဲ့သည့်  ဆုရရင်သွေးငယ်များက  ဖျော်ဖြေကြပြီး ဆုရရင်သွေးငယ်များအား သာယာဝတီခရိုင်လူမှုဝန်ထမ်းရုံးမှ    ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာနှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။                      

ခရိုင်(ပြန်/ဆက်)