သာယာဝတီ အောက်တိုဘာ ၂၂
ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်၌ မြို့နယ်အတွင်းရှိ မူလတန်းကြိုကျောင်းပေါင်းစုံ စုပေါင်းဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့က ဆရာစံခန်းမ၌ ကျင်းပသည်။
ဦးစွာ သာယာဝတီခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးက အမှာစကားပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်ခဲ့သည့် ဆုရရင်သွေးငယ်များက ဖျော်ဖြေကြပြီး ဆုရရင်သွေးငယ်များအား သာယာဝတီခရိုင်လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


