ဖနောင်ပင် အောက်တိုဘာ  ၂၂

ကမ္ဘောဒီးယားနိုင်ငံ၏    အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်  ကုန်သွယ်မှုပမာဏသည်   ယခုနှစ်    ပထမကိုးလအတွင်း   အမေရိကန် ဒေါ်လာ  ၁၂  ဒသမ ၂၈  ဘီလီယံအထိ ရောက်ရှိခဲ့ရာ ယမန်နှစ်ကထက်   ၄   ဒသမ ၇၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း တရားဝင် အစီရင်ခံစာတစ်စောင်က  အောက်တိုဘာ    ၂၂    ရက်တွင် ဖော်ပြထားသည်။

၁၇ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်

ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ်  ဇန်နဝါရီလမှ   စက်တင်ဘာလအတွင်း အာဆီယံနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၇  ဘီလီယံတန်ဖိုးရှိ   ထုတ်ကုန်များကို  တင်ပို့ခဲ့ရာ  ယမန်နှစ်ကထက် ၁၇ ဒသမ ၅ ရာခိုင်နှုန်းမြင့် တက်မှုရှိကြောင်း စုစုပေါင်းတင်သွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၇  ဒသမ  ၈၁ ဘီလီယံရှိပြီး  ၁  ဒသမ ၃၅ ရာခိုင်နှုန်း  ကျဆင်းမှုရှိကြောင်း  စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကုန်သွယ်မှုတန်ဖိုးစုစုပေါင်းမှာ ၄၇ ဒသမ ၈၉ ဘီလီယံရှိ

ယခုနှစ် ပထမကိုးလအတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်မှုတန်ဖိုး စုစုပေါင်းမှာ ၄၇ ဒသမ ၈၉ ဘီလီယံရှိပြီး  အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်   ကုန်သွယ်မှုမှာ   ၂၅ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အာဆီယံနိုင်ငံများအနက် ကမ္ဘောဒီးယားနိုင်ငံ၏  ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံ ငါးနိုင်ငံရှိပြီး ယင်းမှာ ဗီယက်နမ်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှားနှင့်  အင်ဒိုနီးရှားနိုင်ငံတို့ဖြစ်သည်။                  

ဆင်ဟွာ