ဖနောင်ပင် အောက်တိုဘာ ၂၂
ကမ္ဘောဒီးယားနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် ယခုနှစ် ပထမကိုးလအတွင်း အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၂၈ ဘီလီယံအထိ ရောက်ရှိခဲ့ရာ ယမန်နှစ်ကထက် ၄ ဒသမ ၇၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း တရားဝင် အစီရင်ခံစာတစ်စောင်က အောက်တိုဘာ ၂၂ ရက်တွင် ဖော်ပြထားသည်။
၁၇ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်
ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း အာဆီယံနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၇ ဘီလီယံတန်ဖိုးရှိ ထုတ်ကုန်များကို တင်ပို့ခဲ့ရာ ယမန်နှစ်ကထက် ၁၇ ဒသမ ၅ ရာခိုင်နှုန်းမြင့် တက်မှုရှိကြောင်း စုစုပေါင်းတင်သွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၇ ဒသမ ၈၁ ဘီလီယံရှိပြီး ၁ ဒသမ ၃၅ ရာခိုင်နှုန်း ကျဆင်းမှုရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ကုန်သွယ်မှုတန်ဖိုးစုစုပေါင်းမှာ ၄၇ ဒသမ ၈၉ ဘီလီယံရှိ
ယခုနှစ် ပထမကိုးလအတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်မှုတန်ဖိုး စုစုပေါင်းမှာ ၄၇ ဒသမ ၈၉ ဘီလီယံရှိပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုမှာ ၂၅ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
အာဆီယံနိုင်ငံများအနက် ကမ္ဘောဒီးယားနိုင်ငံ၏ ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံ ငါးနိုင်ငံရှိပြီး ယင်းမှာ ဗီယက်နမ်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ဖြစ်သည်။
ဆင်ဟွာ


